Jul 7, 2009

Jun 28, 2009


အရင်းအနှီးကြီးပေမယ့်

အမြတ်အစွန်းရဖို့

မသေချာတဲ့ကိစ္စတွေထဲမှာ

တယောက်ယောက်ကို

ချစ်ရတာဟာ
ထိပ်ဆုံးကပဲ။

i miss u


ကိမ်ပေါင်းများစွာ

သတိရစိတ်ကိုအလွမ်းဆိုတဲ့ ခေါင်းစဉ်အောက်

ထိုးမသွင်းချင်ဘူး

ဖြစင်တဲ့ ချစ်ခြင်းတရားတွေကို

အရောင်ဆိုးဖိုအတွက်

အကောင်းပြချက်ဖြစ်နေမှာ စိုးလို့…



အချစ်ပေအယူလွဲ အမြင်မှားနဲ

စွဲချက်တင်သူတွေရဲ

အတ္တကာင့်ပါ တကယ်တော့

အချစ်ကအဖြရောင်ဘာသာစကားတစ်ခုပါ

အကယ်ရ်ျအချစ်ဟာရူးသွပ်မှုဆိုရင်

ရိုးသားစွာရူးသွပ်ချင်သူပါ

Jun 18, 2009

nice


ပန်းရနံ့တွေအားလုံးဟာလေထဲမျောလွင့်နေတယ်
တိတ်ဆိတ်ခြင်းရဲ့ဆွဲဆောင်မူဟာ
ဟိုးအဝေးကြီးအထိ ခေါ်ဆောင်သွားတယ်


လရောင်တွေဝိုးတ၀ါးနဲ့ ခရမ်းပြာရောင်ညတစ်ခုပဲ
ကတ္တီပါရောင်ကောင်းကင်မှာ စိန်ပွင့်တွေခင်းထားသလို
ကြယ်တွေကလည်း တောက်ပနေသေးတယ်

ကြယ်တချို့ကတော့ ကောင်းကင်ပေါ်ကနေ
ခုန်ပေါက်မြူးတူးပြီး ကြွေဆင်းလာကြတာကိုလည်း
တွေ့နေရတယ်

ချစ်စရာကောင်းတဲ့ ပိုးကောင်လေးတွေရဲ့
တီးတိုးအော်သံလေးတွေလည်း
တချက်တချက်တော့ကြားရတယ်

ပွတ်ကာသီကာနဲ့ ကလူကျီစယ်သွားတဲ့
လေပြည်လေညှင်းတွေဟာ
လတ်ဆတ်မူအပြည့်ရှိတယ်

ပန်းကလေးတွေအဖို့တော့
ဝတ်မှုန်ကူးတဲ့ညလည်းဖြစ်နေနိုင်တယ်

လေတိုးလို့သစ်ရွက်ကလေးတွေ
လှုပ်ခတ်သွားတဲ့အသံကတော့
သာယာတဲ့ဂီတသံစဉ်တစ်ခုလိုပဲ

ည…

ကြယ်တွေကြွေတဲ့ည...

ဝတ်မှုန်ခြွေတဲ့ည...

ခရမ်းပြာရောင်ည...