
ပန်းရနံ့တွေအားလုံးဟာလေထဲမျောလွင့်နေတယ်
တိတ်ဆိတ်ခြင်းရဲ့ဆွဲဆောင်မူဟာ
ဟိုးအဝေးကြီးအထိ ခေါ်ဆောင်သွားတယ်
လရောင်တွေဝိုးတ၀ါးနဲ့ ခရမ်းပြာရောင်ညတစ်ခုပဲ
ကတ္တီပါရောင်ကောင်းကင်မှာ စိန်ပွင့်တွေခင်းထားသလို
ကြယ်တွေကလည်း တောက်ပနေသေးတယ်
ကြယ်တချို့ကတော့ ကောင်းကင်ပေါ်ကနေ
ခုန်ပေါက်မြူးတူးပြီး ကြွေဆင်းလာကြတာကိုလည်း
တွေ့နေရတယ်
ချစ်စရာကောင်းတဲ့ ပိုးကောင်လေးတွေရဲ့
တီးတိုးအော်သံလေးတွေလည်း
တချက်တချက်တော့ကြားရတယ်
ပွတ်ကာသီကာနဲ့ ကလူကျီစယ်သွားတဲ့
လေပြည်လေညှင်းတွေဟာ
လတ်ဆတ်မူအပြည့်ရှိတယ်
ပန်းကလေးတွေအဖို့တော့
ဝတ်မှုန်ကူးတဲ့ညလည်းဖြစ်နေနိုင်တယ်
လေတိုးလို့သစ်ရွက်ကလေးတွေ
လှုပ်ခတ်သွားတဲ့အသံကတော့
သာယာတဲ့ဂီတသံစဉ်တစ်ခုလိုပဲ
ည…
ကြယ်တွေကြွေတဲ့ည...
ဝတ်မှုန်ခြွေတဲ့ည...
ခရမ်းပြာရောင်ည...
Jun 18, 2009
nice
Subscribe to:
Post Comments (Atom)
1 comments:
ကဗျာလေးကလည်းနု ပန်းကလေးကလည်း ဥ နေတာပဲ တော်တော်ကို ပနာသင့်ပါတယ်ခင်ဗျာ..
ပျော်ပါစေ
PS- ညီမငယ် မမြူးသျှရီ နေရာကနေတ္ဂေ့လို့လိုက်လာတာပါခင်ဗျာ...
Post a Comment